ဒါလေးတွေတင်ထားတယ်

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Saturday, December 22, 2012

အော်.. အချစ်

အော်.. အချစ်
နင်နဲ့ပတ်သတ်ပြီးခံစားခဲ့ရတဲ့
ဝေဒနာတွေက
ရင်ဘတ်တစ်ခုလုံးပေါက်ကွဲမတတ်ပါ
နင်တမင်မသိဟန်ဆောင်ခဲ့တာလား
တကယ်ပဲငါ့ရင်ထဲကိုမမြင်နိုင်ခဲ့တာလားအချစ်ဆိုတာကို
ရယူပိုင်ဆိုင်ခြင်း

Sunday, November 11, 2012

ငါ. ဗီလိန်

ချစ်ရက်နဲ့ ဖွင့်မပြောရက်တဲ့ငါ

လှပတဲ့ မင်းရဲ့အပြုံးတစ်ချက်မှာ
လွင့်လာတဲ့ ရယ်မောသံတွေနဲ့

ကျေနပ်လို့ငါပျော်ရွှင်ခဲ့တယ်....

ငါ့သူငယ်ချင်းကချစ်တယ်ပြောတာနဲ့

ရင်နာနာနဲ့ပဲ ငါနောက်ဆုတ်ပေးခဲ့

နင်/သူ မသိတဲ့ ငါ့ချစ်ခြင်းတွေက

မိုးသိစေချင်



နှင်းတွေဝေတဲ့ ဟေမာန်ဆောင်းမှာ

ဖြစ်တည်ခဲ့တဲ့ခင်မင်မှု

ဖြစ်ဖို့လွယ် တည်ဖို့ခက်

မမြင်နိုင်တဲ့ ခိုင်မာသောနှောင်ကြိုးသံယောဇဉ်တွေကြောင့်

မေ့ရက်ဖို့ခက် ရုန်းထွက်ဖို့ခက်

မတွေ့ရရင်မနေတတ်

အတွေးများတော့ မမေ့အားဘူးဆိုသလို

မင်းကိုချစ်ခဲ့မိတယ်....

မင်းနဲ့အတူရှိရင် ပျော်

Thursday, November 8, 2012

**အလေးအနက်မထားဘူးတဲ့လား**

***အလေးအနက်မထားဘူးတဲ့လား*** 

ချစ်သူမင်းသွားမယ့်လမ်းမှာအလင်းရောင်ရအောင်
နေမင်းကြီးကို မီးအိမ်ထဲထည့်ပီးမင်းကိုလမ်းပြပေးချင်တာပါ...
မင်းမောနေရင်သောက်ဖို့ကမ္ဘာပေါ်က
ရေတွေအကုန်လုံးကို အေးမြစေပီးမင်းနားကို ခပ်ယူလာပေးချင်တာပါ...
မင်းရဲ့ အပြုံးလေးတစ်ချက်ပျက်သွားမှာ

ဆိုးလို့ မင်းနားမှာ လူရွှင်တော်တစ်ယောက်လို
ကပြဖျော်ဖြေပေးနေချင်တာပါ...
ဒါတောင်ငါကအလေးအနက်မထားဘူးတဲ့လားးးး
ကိုယ့်ရဲကွက်လပ် လေးကို ဖြည့်ပေးပါလားကွာ