ဒါလေးတွေတင်ထားတယ်

Saturday, December 22, 2012

အော်.. အချစ်

အော်.. အချစ်
နင်နဲ့ပတ်သတ်ပြီးခံစားခဲ့ရတဲ့
ဝေဒနာတွေက
ရင်ဘတ်တစ်ခုလုံးပေါက်ကွဲမတတ်ပါ
နင်တမင်မသိဟန်ဆောင်ခဲ့တာလား
တကယ်ပဲငါ့ရင်ထဲကိုမမြင်နိုင်ခဲ့တာလားအချစ်ဆိုတာကို
ရယူပိုင်ဆိုင်ခြင်း
လို့မယူဆခဲ့သလို
ပေးဆပ်ခြင်းသက်သက်လို့လည်း
မခံယူခဲ့ဘူး
တူညီတဲ့မေတ္တာတရားကိုတော့
လိုချင်ခဲ့တယ်လေ....
နင်သိပ်ရက်စက်တယ်လို့
ပြောမထွက်ခဲ့ပေမယ့်
အမှန်တကယ်ပဲမစာနာတတ်ခဲ့ပါဘူး
အချစ်တွေနဲ့ကမ်းလင့်ကြိုဆိုနေတဲ
လက်တစ်စုံကို
ပယ်ချလို့ငါ့အိမ်မက်တွေကို
အရောင်မှိန်စေခဲ့တယ်
သဝန်မတိုတတ်ဘူးလို့ငါ့ကိုယ်ငါ
ထင်ခဲ့ပေမယ့်
နင့်ရဲ့ဘေးမှာငါမဟုတ်တဲအခြားတစ်ယောက်နဲ့တွေ့တဲ့အခါ
ငါ့အသည်းတွေတစ်စစီ
ပဲ့ကြွေသွားသလို
ခံစားရတယ်
သြော်.....
အချစ်ဆိုတဲ့အရာရဲ့နောက်ကွယ်မှာ
ငါမမြင်နိုင်တဲ့ဝေဒနာတွေရှိနေသေးပါလား..

No comments: