ဒါလေးတွေတင်ထားတယ်

Sunday, November 11, 2012

ငါ. ဗီလိန်

ချစ်ရက်နဲ့ ဖွင့်မပြောရက်တဲ့ငါ

လှပတဲ့ မင်းရဲ့အပြုံးတစ်ချက်မှာ
လွင့်လာတဲ့ ရယ်မောသံတွေနဲ့

ကျေနပ်လို့ငါပျော်ရွှင်ခဲ့တယ်....

ငါ့သူငယ်ချင်းကချစ်တယ်ပြောတာနဲ့

ရင်နာနာနဲ့ပဲ ငါနောက်ဆုတ်ပေးခဲ့

နင်/သူ မသိတဲ့ ငါ့ချစ်ခြင်းတွေက

ရင်ခွင်တွင်းမှာ ကိန်းအောင်းနေ

အပူကုဋေကုဋာများစွာပေါ့...

ချစ်သူကိုမြတ်နိုး

သူငယ်ချင်းကိုတန်ဖိုးထားလို့

နင်တို့နှစ်ယောက်ပျော်ရွှင်ရေး
ဘေးနားကပဲ ငေးကြည့်မိခဲ...

(ဒီလိုနဲ့ တစ်နေ့...)

နင်ကပြောင်းလဲပေမဲ့

သူမပြောင်းလဲတော့                                              

သူ့ကိုဖောက်တဲ့သစ္စာအတွက်

ငါ့ကိုယ်ငါလဲ ရှက်မိခဲ့...

(နင်က ငါ့ကိုမယုံဘူးတဲ့လေ...)

ငါ့အချစ်ကိုမယုံတဲ့နင့်အတွက်
ငါ့သူငယ်ချင်းရဲ့ အမုန်းကိုမခံယူလိုတဲ့ငါ

အခင်ဆုံးသူငယ်ချင်းနဲ့

အချစ်ဆုံးချစ်သူတို့ဇာတ်လမ်းကြား

ငါ .. ဗီလိန်တစ်ယောက်ရဲ့နေရာကနေပဲ

ပံ့ပိုးပေးလိုက်ပါတော့မယ်ဟာ.....
နင် ပျော်မယ်ဆို

ငါ

သူ့ အတွက် စွန့်လွှတ်ပေးလိုက်ပါ့မယ်...

No comments: