ဒါလေးတွေတင်ထားတယ်

Sunday, November 11, 2012

မိုးသိစေချင်



နှင်းတွေဝေတဲ့ ဟေမာန်ဆောင်းမှာ

ဖြစ်တည်ခဲ့တဲ့ခင်မင်မှု

ဖြစ်ဖို့လွယ် တည်ဖို့ခက်

မမြင်နိုင်တဲ့ ခိုင်မာသောနှောင်ကြိုးသံယောဇဉ်တွေကြောင့်

မေ့ရက်ဖို့ခက် ရုန်းထွက်ဖို့ခက်

မတွေ့ရရင်မနေတတ်

အတွေးများတော့ မမေ့အားဘူးဆိုသလို

မင်းကိုချစ်ခဲ့မိတယ်....

မင်းနဲ့အတူရှိရင် ပျော်
ရွှင်မှု၊ကြည်နူးမှုတွေနဲ့

မင်း အနားမှာမရှိတော့

အထီးကျန်ပြီး အနေရခက်တယ်

ကျောင်းတော်ကြီးမတော့ အရင်အတိုင်းပေမဲ့

မင်းကတော့ ပြောင်းလဲသွားတယ်

ကိုယ့်ရဲ့အဖြစ်က သူငယ်ချင်းမက ရည်းစားလဲမကျ

ဖွင့်ပြောဖို့ဆိုတာကလဲ ဘယ်လိုမှမဖြစ်

ရှေ့ဆက်ရင်လဲ ဆုံးရှုံးမှာသိသိကြီးနဲ့

ဘာကြောင့်ရူးမိုက်နေတာလဲဆိုတာ
ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး....

ကိုယ့်အချစ်တွေက မင်းအတွက်ဖြစ်တည်ခဲ့

မင်းအချစ်တွေက ငါ့အတွက်မဟုတ်ခဲ့လည်း

ဝမ်းနဲစရာပေမဲ့..

ကိုယ်ကချစ်ရသူဆိုတော့ အပြစ်မမြင်

မင်းနဲ့ဆုံဆည်းခွင့်ရတဲ့ ကံကြမ္မာကိုက
ခင်မင်မှုသက်သက်ပဲလေ
မင်းဆီက အချစ်ကိုမရရင်လည်း

ခင်မင်မှုတွေနဲ့ပဲ မင်းရဲ့လိုအင်တွေကို

ဖြည့်စွမ်းမယ့်

လိုအပ်ချိန်တိုင်းမှာ မင်းအနားမှာရှိနေမယ့်

အဖြည့်ခံဆိုတာ
မင်း(မိုး)သိပါစေကွာ...................

No comments: